Environment, Disasters & Accidents
ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၃၀)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၃၃)မိနစ် (၂၁)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက်(၂၁၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၃၀)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “ဒီငလျင်က အနက်မိုင် ၄၀ လောက်မှာလှုပ်တာဆိုတော့ နက်တယ်။ ပြီးတော့ နေရာက မြန်မာ-အိန္ဒိယနယ်စပ် လောက်မှာလှုပ်တာ၊ လူနေကျဲတယ်။ ဒါကြောင့်ပျက်စီးဆုံးရှုံးမှုမရှိနိုင်ပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)