Connect with us

Environment, Disasters & Accidents

ဥက္ကံမြို့၌ ယာဉ်တိုက်မှုကြောင့် ၁ ဦးသေဆုံး၍ ၈ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ ယာဉ်တိုက်မှုကြောင့် ၁ ဦးသေဆုံး၍ ၈ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၀၅း၃၀နာရီ အချိန် ဥက္ကံမြို့၊ ရွာမကျေးရွာ မိုင်တိုင် (၆၄/၆)၌ ဦးညို ကြီး(၅၅)နှစ်မောင်းနှင်သည့် 7A/xxxx Hilux ခရီးသည်တင်ယာဉ်မှာ လမ်းဘေးရပ်၍ ပန်းသီးများတင်နေစဉ် လားရာတူ ယာဉ်မောင်း(စိစစ်ဆဲ)မောင်းနှင်သော Nissan ယာဉ်သည် နောက်မှဝင်ရောက်တိုက်မိခဲ့ရာ Hilux ယာဉ်မှာ လမ်းယာဘက်ဘေးသို့ ထိုးကျပြီး လမ်းဘေးဓာတ်တိုက်အား တိုက်မိ၍ ယာဉ်မောင်း(စိစစ်ဆဲ)မှာ Nissanယာဉ်နှင့်အတူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Hilux ယာဉ်ပေါ်မှ ဒေါ်ခင်စန်းဝင်း (၅၅)နှစ်တွင် ခါးရိုး ကျိုး၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျော်သူရ(၂၉)နှစ်ပါ ၈ ဦး(ကျား ၁၊မ ၇)တို့တွင် ဖူးရောင်၊ ပေါက်ပြဲနာကျင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ ဥက္ကံပြည်သူ့ဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ တင်ပို့ခဲ့ကာ ၀၈း၁၅နာရီ အချိန်တွင် Nissan ယာဉ်မောင်း (စိစစ်ဆဲ) အား ဥက္ကံနယ်မြေရဲစခန်းယာဉ်(ပ)၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ၃၀၄က/၃၃၈/၃၃၇/၂၀၂(ပေါ့လျော့မှုကြောင့်လူသေမှု/ပြင်း/သာမာန်ထက်နာကျင်စေမှု/ သတင်းပေးရန်ပျက်ကွက်မှု) ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.