Environment, Disasters & Accidents
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ကျောင်း ၁၇၆ကျောင်း ယာယီပိတ်ထား

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ကျောင်း ၁၇၆ကျောင်း ယာယီပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဇူလိုင်လလယ်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေတိုးလာခြင်း တို့ကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ကာ စာသင်ကျောင်းအချို့ ပိတ်ထားရကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း ကျောင်းကုန်း၊ ရေကြည်၊ သာပေါင်း၊ ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ မြန်အောင်၊ လေးမျက်နှာ၊ အင်္ဂပူ၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော်မြို့များ တွင် ရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၂၄ ရက်နေ့အထိ အထက ၇-ကျောင်း၊ အလက ၄၅-ကျောင်း၊ အမက ၁၂၄-ကျောင်း၊ စုစုပေါင်း ၁၇၆-ကျောင်း ယာယီပိတ်ထားရကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။(Xinhua)