Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မိုးများရွာသွန်းပြီး ငဝန်မြစ်ရေ တိုးလာခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ထား - Xinhua News Agency
Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မိုးများရွာသွန်းပြီး ငဝန်မြစ်ရေ တိုးလာခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ထား

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံအင်တာနက်)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် သြဂုတ် ၁၂ နှင့် ၁၃ ရက်နေ့များ တွင် မိုးများရွာသွန်းပြီး ငဝန်မြစ်ရေ တိုးလာသောကြောင့် ရယက- ၁၂ နယ်မြေ ရေကြည်ဦး ရပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာယီကယ်ဆယ်ရေး စခန်း ဖွင့်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရေဘေးသင့် အိမ်ထောင်စု (၁၅၅) စု၊ လူဦးရေ စုစုပေါင်း ၇၅၀ ဦး ရှိပြီး ရေကြည်ဦး ရပ်ကွက်ရှိ ရွှေသာလျောင်း တန်ဆောင်း၊ နဂါးရုံတန်ဆောင်း၊ သုဓမ္မာ ဇရပ်တို့တွင် ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိကြောင်းနှင့် ပြည်ကြီးခင်အသင်းမှ ဒေါ်ကြည်ကြည်ထိုက်က ဦးဆောင်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.