Environment, Disasters & Accidents
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ မိကျောင်းကိုက်၍ လူ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ မိကျောင်းကိုက်၍ လူ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ၂၁း၀၀နာရီ အချိန် ဘိုကလေးမြို့နယ်၊ တပေလေးကျေးရွာ အနောက်ဘက်ရှိ တပေလေးချောင်းစပ်၌ နေမျိုးအောင်(၃၀)နှစ် ထီပါလင်သောင်တန်းကျေးရွာ မော်လမြိုင်ကျွန်းမြို့နယ်နေသူသည် ငါးဖမ်းပိုက်များ ဖြုတ်သိမ်းနေစဉ် အလျား ၁၁ ပေခန့် မိကျောင်း ၁ ကောင်က ဝဲခြေထောက်အား ကိုက်ပြီး ထွက်ပြေးသွားခဲ့ရာ ဝဲခြေသန်း/ခြေသူကြွယ်ပြတ် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဘိုကလေး ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသလျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)