Environment, Disasters & Accidents
၂၂ ဘီး ကုန်သေတ္တာတင်နောက်တွဲယာဉ်က ၁ဝ ဘီးကုန်တင်ယာဉ်ကို ဝင်တိုက်၍ လူနှစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
၂၂ ဘီး ကုန်သေတ္တာတင်နောက်တွဲယာဉ်က ၁ဝ ဘီးကုန်တင်ယာဉ်ကို ဝင်တိုက်၍ လူနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ည ၁၂ နာရီခန့်က ကမ်းနားလမ်းသစ် (ကွန်ကရစ်လမ်း) အတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာသော ၂၂ ဘီးနောက်တွဲပါ ဟွန်ဒိုင်းအမျိုးအစား ကုန်သေတ္တာတင်ယာဉ်သည် ကမ်းနားလမ်း ညဈေးတန်း လမ်း ၂ဝ ထိပ်အရောက် လမ်းသစ်ဘေး၌ ရပ်ထားသော ၁ဝ ဘီးကုန်တင် ယာဉ်ကို နောက်မှ ပွတ်တိုက်မိသည်။
အဆိုပါ ၁ဝ ဘီးယာဉ်မှာ နောက်မှ စတင်၍ ခေါင်းပိုင်းထိ တိုက်မိရာ ကမ်းနား လမ်းသစ် အကာတန်းကြီးနှစ်တန်းသို့ ယာဉ်ခေါင်းပိုင်းရောက်ရှိ၍ ညပ်သလိုဖြစ်ပြီး ယင်းယာဉ်ပေါ် လိုက်ပါလာသူများအနက် ယာဉ်အကူနှင့် ခရီးကြုံပါသူ နှစ်ဦးသေဆုံးပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ၂၂ ဘီး ကုန်သေတ္တာတင် ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)