Connect with us

Environment, Disasters & Accidents

ချီဖွေမြို့နယ် လန်ဆယ်ဒေသ၌ မိုးသည်း လူနေအိမ်များ ပျက်စီး

ချီဖွေမြို့နယ် ၊လန်ဆယ်ဒေသတွင် ရေဘေးကြောင့်လူနေအိမ်များ ပျက်စီးမှုကိုမြင်တွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊မေ၁ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လန်ဆယ်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လန်ဆယ်ကျေးရွာ အနီးရှိ လကင်ချောင်းရေ မြင့်တက် လာမှုကြောင့် ရေစီးနှင့်အတူ သစ်လုံးများ မျောပါ တိုက်မိ၍ လန်ဆယ်ရွာရှိ လူနေအိမ် အလုံး၅ဝ နှင့် အလယ်တန်း ကျောင်းရှိ အဆောင် အဟောင်း သုံးလုံး၊ လကင်ရွာရှိ လူနေအိမ် ငါးလုံး၊ တန်ဒန်ရွာရှိ လူနေအိမ် တစ်လုံး၊ ချီဝင်ရွာရှိ လူနေအိမ် လေးလုံး၊ ဒဘန်းခရွာရှိ လူနေအိမ် ၂၈ လုံး၊ ရှီရှီခူးရွာရှိ လူနေအိမ် တစ်လုံးနှင့် သုံးချောင်းဆုံ ရွာရှိ လူနေအိမ်ခြောက်လုံး၊ စုစုပေါင်း လူနေအိမ် ၉၈ လုံး မျောပါပျက်စီး သွားခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံ မှုကြောင့် လူနှင့် တိရစ္ဆာန်များ သေကျေထိခိုက် ခဲ့မှု မရှိသော်လည်း ဒေသခံပြည်သူများ အနေဖြင့် စားနပ်ရိက္ခာများ ပြတ်လပ်လျက် ရှိကြောင်း သိရှိရသည်။ ၎င်းဖြစဉ်သည် ဧပြီ ၂၄ ရက် နံနက်ပိုင်းမှ စ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ လန်ဆယ်ဒေသရှိ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တပ်မတော်သား များက သွားရောက်ခဲ့ပြီး ဖီမော်ဒေသမှ ကန့်ဖဒေသ အထိ တောင်ကျချောင်းရေ တိုက်စားမှု ကြောင့် တောင်ပြို၍ မြေပြိုကျမှုများ နှင့်တံတားများ ပျက်စီးမှုများကို ရှင်းလင်းခြင်း၊ ယာယီတံတားများ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မြဝတီသတင်းတွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.