Environment, Disasters & Accidents
ခန္တီးမှ အနောက်မြောက်ဘက် (၃၆)မိုင်ခန့်အကွာ အင်အားရစ်(ခ်)တာ စကေး(၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှား
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၆)နာရီ (၀၂)မိနစ် (၀၈)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် (၃၀၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ခန္တီးမှ အနောက်မြောက်ဘက် (၃၆)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “အခုလှုပ်တဲ့ငလျင်က အင်အားက ၄.၈၊ အနက်က ၇၇ ကီလိုမီတာကျော်လောက်မှာလှုပ်တာဆိုတော့ ပျက်စီးဆုံးရှုံးမှုမရှိနိုင်ပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)