Environment, Disasters & Accidents
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၂၆,၀၀၀ ကျော်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၂၆,၅၆၂ ဦးကို စစ်ဆေးတွေ့ရှိကုသပေးခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နိုဝင်ဘာ ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံသည် (၂၀၃၀) ပြည့်နှစ်တွင် ငှက်ဖျားရောဂါပိုးအားလုံး ကူးစက်မှုပပျောက်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ငှက်ဖျားရောဂါထိန်းချုပ်ရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု အရေအတွက်သည် ၈၈ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး သေဆုံးမှုမှာ ၉၇% အထိ လျော့ကျခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
#ငှက်ဖျား #Malaria
—————————
English Version
Over 126,000 malaria cases reported in Myanmar from Jan. to Aug.
YANGON, Nov. 8 (Xinhua) — A total of 126,562 malaria cases were detected and treated in Myanmar between January and August 2025, the state-owned Myanmar Radio and Television reported on Saturday.
The country is striving to eliminate malaria transmission by 2030 and has made significant progress in its control efforts over the past decade, the report said.
Between 2012 and 2021, malaria cases in Myanmar decreased by 88 percent, while fatalities dropped by 97 percent, it said. ■
