Myanmar
မြန်မာနိုင်ငံ ရန်ကုန်မြို့၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ ၃ ဦးအား ဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် မလေးရှား နိုင်ငံသား ၁ ဦးတို့အား စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်ထုတ် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် ည ၁၀ နာရီ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် (၈)ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချကြောင်း သတင်းရရှိထားသူအား မော်တော်ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိ၍ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း ၂၇ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီတွင် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းမပေါ်၌ နောက်ထပ် တစ်ဦးအား စိတ်ပြောင်းဆေးဝါး Happy Water ၁၂၉ ဂရမ်နှင့် လည်းကောင်း၊ ၎င်းနေထိုင်သည့် ပုဇွန်တောင်မြို့နယ်၊ (၁၀)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၆ ဒသမ ၁၂၅ ကီလို၊ ကက်တမင်း ၉၅၀ ဂရမ်နှင့် အက်တက်စီဆေးပြား ၂၄၀ ပြားတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီခွဲတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၌ ငှားရမ်းနေထိုင်သည့် မလေးရှားနိုင်ငံသားအား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၇၅ ဂရမ်၊ အက်တက်စီဆေးပြား ၄၅၀ ပြား၊ Happy-5 ဆေးပြား ၆၀၀ ပြား၊ အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံ ၅၀၀ လုံး၊ Happy Water ရောစပ်ရာတွင် အသုံးပြုသည့် စတော်ဘယ်ရီအရသာမှုန့် ၈၀၀ ဂရမ်၊ လိမ္မော်အရသာမှုန့် ၇၀၀ ဂရမ်တို့နှင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
စုစုပေါင်းအနေဖြင့် သိမ်းဆည်းရမိခဲ့သည့် စိတ်ပြောင်းဆေးဝါးများမှာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၆ ဒသမ ၄၉၂၅ ကီလို၊ ကက်တမင်း ၁ ဒသမ ၀၅၂ ကီလို၊ အက်တက်စီဆေးပြား ၆၉၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားနှင့် Happy-5 ဆေးပြား ၆၀၀ ပြား၊ အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံ ၅၀၀ လုံး၊ Happy Water ဖျော်စပ်ရာတွင် အသုံးပြုသည့် စတော်ဘယ်ရီအရသာမှုန့် ၈၀၀ ဂရမ်နှင့် လိမ္မော်အရသာမှုန့် ၇၀၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့သည် စိတ်ပြောင်းဆေးဝါးများအားရောစပ်၍ ရန်ကုန်မြို့ပေါ်ရှိ KTV/ BAR/ CLUB နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
…………………………
(English Version)
3 arrested for drug trafficking in Myanmar’s Yangon
YANGON, Dec. 29 (Xinhua) — Two Myanmar nationals and a Malaysian national were arrested for drug trafficking in Yangon, along with a large haul of drugs and drug-making devices, the official daily The Global New Light of Myanmar reported on Sunday.
Acting on a tip-off, a joint anti-narcotic task force searched a vehicle in Botataung Township of Yangon region on Dec. 22 and confiscated 238.5 grams of “Happy Water” drug, 27 grams of ketamine, and 400 stimulant tablets along with a suspect, the report said, citing Myanmar Police Force.
Investigation revealed that another suspect was arrested in Tamwe Township of Yangon on the same day, with 129 grams of “Happy Water” drug. A search of his home in Pazundaung Township led to the seizure of 6.125 kg of “Happy Water” drug, 950 grams of ketamine, and 240 ecstasy pills.
A Malaysian national was arrested on Dec. 23 in Dagon Myothit (Seikkan) Township. He was found with 75 grams of ketamine, 450 ecstasy pills, 600 happy-5 tablets, and drug-making equipment.
In total, the seized drugs were valued at 278 million kyats (about 132,000 U.S. dollars), the report said.
According to the investigation, the suspects were selling drugs to young people in KTVs, bars, clubs, and restaurants in Yangon, it said.
Legal action has been taken against the suspects, and the investigation is ongoing, it added. Enditem