Myanmar
မြန်မာနိုင်ငံ သမ္မတအဖြစ် ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆို
နေပြည်တော်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ယနေ့ (ဧပြီ ၁၀ ရက်) တွင် တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
မြို့တော် နေပြည်တော်တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ ကျမ်းသစ္စာဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့သည်လည်း မြန်မာနိုင်ငံ၏ ဒုတိယသမ္မတများအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အပါအဝင် ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များလည်း နာယကရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဧပြီလ ၃ ရက်တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့မှ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်၌ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပစဉ်အတွင်း သမ္မတသစ် ဦးမင်းအောင်လှိုင် (ယာဘက် ဒုတိယ) က ဒုတိယသမ္မတများဖြစ်သော ဦးညိုစော (ယာဘက် တတိယ) ဒေါ်နန်းနီနီအေး (ယာဘက် ပထမ) တို့ ကျမ်းသစ္စာကျိန်ဆိုနေကြစဉ် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများက ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများက ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————————
(English Version)
Min Aung Hlaing sworn in as Myanmar’s president
NAY PYI TAW, April 10 (Xinhua) — SenioGeneral Min Aung Hlaing was officially sworn in as the President of Myanmar on Friday.
The oath-taking ceremony, conducted before the Speaker of the Pyidaungsu Hluttaw (Union Parliament), took place on the sixth day session of the first regular session of the Third Pyidaungsu Hluttaw in the capital, Nay Pyi Taw.
During the session, U Nyo Saw and Nan Ni Ni Aye were also sworn in as the country’s vice presidents.
Union-level officials, including the Union Chief Justice, judges of the Union Supreme Court, Union Ministers, the Union Attorney General, the Chairperson of the Union Election Commission, the Governor and Deputy Governor of the Central Bank of Myanmar, and the chairman and members of the Anti-Corruption Commission, also took the oath before the Speaker.
Min Aung Hlaing, former commander-in-chief of the Defence Services, was elected as Myanmar’s president by the Presidential Electoral College on April 3.
