Myanmar
မြန်မာနိုင်ငံသမ္မတက နိုင်ငံတကာဆက်ဆံရေး ခိုင်မာစေရန် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ထပ်လောင်းကတိပြု
နေပြည်တော်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို မြှင့်တင်သွားမည်ဟု ယနေ့ (ဧပြီ ၁၀ ရက်) ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပွဲ၌ ပြောကြားခဲ့သည့် မိန့်ခွန်း၌ ဦးမင်းအောင်လှိုင်က နိုင်ငံတကာဆက်ဆံရေးတွင် မျှတသော ချဉ်းကပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေးကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းမိတ်ဖက်များနှင့်အတူ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတကဆိုသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ လောင်စာဆီသုံးစွဲမှု လျှော့ချရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို မြှင့်တင်ရေး၊ ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန် အမျိုးသမီးရေးရာဝန်ကြီးဌာနအသစ် ဖွဲ့စည်းရေးအပြင် ပညာရေးကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) မှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Yangon (AAA041012) Myanmar president reaffirms Five Principles of Peaceful Coexistence to strengthen international relations
YANGON, April 10 (Xinhua) — Min Aung Hlaing, President of Myanmar, on Friday pledged to strengthen international relations in accordance with the Five Principles of Peaceful Coexistence, the state-owned Myanmar Radio and Television reported.
In the inaugural ceremony speech delivered at the Union Parliament in Nay Pyi Taw, Min Aung Hlaing said that they would maintain a balanced approach to international relations and enhance friendship with neighboring countries, the report said.
As a member of the Association of Southeast Asian Nations (ASEAN), the Myanmar government would strive to restore normal relations with ASEAN, he added.
The government would cooperate with neighboring countries and regional partners in various political, economic, and social sectors, and would strengthen international relations in accordance with the Five Principles of Peaceful Coexistence, he said.
He also emphasized building a federal union, promoting renewable energy to reduce fuel use, and establishing a new Ministry of Women’s Affairs to enhance the capabilities of women in various fields.
His speech also addressed matters related to education, economic development through micro, small, and medium enterprises (MSMEs), and national reconciliation, the report added. Enditem
