Myanmar
၂၀၂၆ ခုနှစ် ပထမ ၃ လအတွင်း မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်သို့ လာရောက်သောဘုရားဖူးဧည့်သည် ၂ သန်းကျော် ရှိ
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်ကြီးသို့ လာရောက်ကြသော ဘုရားဖူးဧည့်သည် ၂.၀၇ သန်းကျော် ရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဆင်ဟွာသို့ ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
၎င်းတို့အနက် နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၃,၀၀၀ ကျော်ပါဝင်ပြီး တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ အများဆုံးလာရောက်ခဲ့ကြကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
ရွှေတိဂုံစေတီတော်ကို မြန်မာစံတော်ချိန် နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Myanmar’s Shwedagon Pagoda draws over 2 mln visitors in first 3 months of 2026
YANGON, April 9 (Xinhua) — Myanmar’s Shwedagon Pagoda, also known as the Golden Pagoda, attracted over 2.07 million visitors in the first three months of 2026, U Boe Thin, a member of the Shwedagon Pagoda Board of Trustees, told Xinhua on Thursday.
Among them, over 23,000 were foreign visitors, with the most coming from China, Thailand and Vietnam, he said.
The Shwedagon Pagoda is open daily from 4 a.m. to 10 p.m. local time, he added. Enditem
