Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား ( ၉/၁၀/၂၀၂၄ – MOI)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်မြို့ရှိ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး ( ၉/၁၀/၂၀၂၄ – MOI)

-နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားစုစုပေါင်း ၄၈ ဒသမ ၆၀၀၀ တန် သိမ်းဆည်းရမိ ( ၉/၁၀/၂၀၂၄ – MOI)

-လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ပျောက်ဆုံး၊ ပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်စိစစ်ထုတ်ပေး ( ၉/၁၀/၂၀၂၄ – MOI)

-ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Daihei Mochizuki အား လက်ခံတွေ့ဆုံ ( ၉/၁၀/၂၀၂၄ – MOI)

-မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက် ( ၉/၁၀/၂၀၂၄ – MRTV)

-ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမွေးမြူရေးဇုန်တွင် နို့စားနွားမွေးမြူရေး လုပ်ကိုင်နေသူများ အဆင်ပြေလျက်ရှိပြီး နို့နှင့် နို့ထွက်ပစ္စည်းများကို အောင်မြင်စွာ ထုတ်လုပ်လျက်ရှိ ( ၉/၁၀/၂၀၂၄ – MRTV)

-မန္တလေးမြို့ရှိ စည်ပင်ပိုင်စျေးများတွင် ဆိုးဆေးပါဝင်သည့် အစားအစာများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေးမည် ( ၉/၁၀/၂၀၂၄ – MRTV)

-ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး ( ၉/၁၀/၂၀၂၄ – MOI)

-ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများ နှင့် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် ( ၉/၁၀/၂၀၂၄ – MOI)