Connect with us

Myanmar

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

 

-ကချင်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် -မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များ ဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်းများအား ကွင်းဆင်းစစ်ဆေး ( ၂၀/၁၁/၂၀၂၄ -MRTV)

-မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် ယနေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးများနေ့နှင့် စပ်လျဉ်းသည့်သတင်း ထုတ်ပြန်ချက် (၁၀/၂၀၂၄)အား ထုတ်ပြန် ( ၂၀/၁၁/၂၀၂၄ -MRTV)

-မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး ( ၂၀/၁၁/၂၀၂၄ -MRTV)

-ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခံစားနေရသည့် ကလေးငယ်(၁၀၀)ကျော်အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ ( ၂၀/၁၁/၂၀၂၄ -MRTV)

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်ကြည့်ရှုအားပေး (၂၀/၁၁/၂၀၂၄ – MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၁၉/၁၁/၂၀၂၄ – MOI)

-မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး (၁၉/၁၁/၂၀၂၄ – MOI)

-တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်
(၁၉/၁၁/၂၀၂၄ – MOI)

-ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘော်လီဘောလက်ရည်စမ်းယှဉ်ပြိုင်မှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး (၁၉/၁၁/၂၀၂၄ – MOI)

-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၅)နှစ်မြောက် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားတက်ရောက် (၁၉/၁၁/၂၀၂၄ – MOI)