Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ( ၂၈/၁၁/၂၀၂၄ – MOI)
-ဘုတ်ပြင်းမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ ( ၂၈/၁၁/၂၀၂၄ – MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတက်ရောက် ( ၂၈/၁၁/၂၀၂၄ – MOI)
-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက် ( ၂၈/၁၁/၂၀၂၄ – MOI)
-လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ပြင်ဦးလွင်မြို့ ၀က်ဝံအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ ( ၂၈/၁၁/၂၀၂၄ – MOI)
-စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-ပညာရေးဒီဂရီကောလိပ်၌ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ (၂၈/၁၁/၂၀၂၄ – MRTV)
-ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသေးစား SME လုပ်ငန်းများမှ ထွက်ရှိသော ထုတ်ကုန်များနှင့် အခြေခံစားကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ (၂၈/၁၁/၂၀၂၄ – MRTV)
-၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင်ကျင်းပခဲ့ (၂၈/၁၁/၂၀၂၄ – MRTV)
-နမ့်စန်ပင်မဓာတ်အားခွဲရုံကို ဒုတိယဝန်ကြီး ဦးအေးကျော် သွားရောက်ကြည့်ရှုစစ်ဆေး (၂၈/၁၁/၂၀၂၄ – MWD )
-ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၂၇/၁၁/၂၀၂၄ – MRTV)
-နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ငွေစက္ကူအတု ဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သူအား ဖော်ထုတ်ဖမ်းဆီး (၂၇/၁၁/၂၀၂၄ – MRTV)
-တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ် (၂၇/၁၁/၂၀၂၄ – MRTV)