Connect with us

Myanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ကချင်ပြည်နယ်ဝန်ကြီးချုပ် ရိုးပြတ်ကျန် မိုးစပါးစိုက်ကွင်းများအတွင်း လယ်သီးထပ် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက် (၁၇/၁၂/၂၀၂၄ – MOI)
-ဘားအံမြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ် (၁၇/၁၂/၂၀၂၄ – MOI)
-ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး (၁၇/၁၂/၂၀၂၄ – MOI)
-စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စီစစ်ညှိနှိုင်းရေးအစည်းအဝေးတက်ရောက် (၁၇/၁၂/၂၀၂၄ – MOI)
-ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်များသို့ ကွင်းဆင်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး(၁၇/၁၂/၂၀၂၄ – MOI)
-ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် အားကစားသမားများအတွက် ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေး ဆပ်ကော်မတီအနေဖြင့် ဆုတံဆိပ်ပေါင်း (၂၄၂၃)ခု ပြုလုပ်ထားရှိ(၁၇/၁၂/၂၀၂၄ – MRTV)
-တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း တစ်သန်းကျော်ဝင်ရောက်ထားပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား ရှစ်သိန်းခွဲအထိ ဝင်ရောက်ထား (၁၇/၁၂/၂၀၂၄ – MRTV)
-၂၀၂၄ ခုနှစ်အတွင်း နေပြည်တော်အိမ်ခြံမြေရောင်းဝယ်ရေးအနေဖြင့် စိုက်ပျိုးမြေများထက် စီးပွားရေးသုံးမြေများ၊ လူနေထိုင်ရန်မြေများ ဝယ်ယူမှုများပြားလာပြီး သိန်းတစ်ထောင်ကျော်တန်မြေများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိ (၁၇/၁၂/၂၀၂၄ – MRTV)

-ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး (၁၇/၁၂/၂၀၂၄ – MRTV)

-မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် စစ်ကိုင်းမြို့မှ MSME လုပ်ငန်းတစ်ခုဖြစ်သည့် စစ်ကိုင်းမြေပဲဆီစက်မှ နေ့စဉ် မြေပဲဆီပိဿာ (၄၀) ထွက်ရှိ (၁၇/၁၂/၂၀၂၄ – MRTV)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် တည်ထောင်ခြင်း (၁၁၅) နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲ တက်ရောက် (၁၆/၁၂/၂၀၂၄ – MRTV)
-တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ် (၁၆/၁၂/၂၀၂၄ – MRTV)