Connect with us

Myanmar

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၆ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၅၃ ဦးသေဆုံးကာ ၁၈၆ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခုနှစ်အတွင်း ဖြစ်ပွါးခဲ့သော ယာဉ်မတော်တဆမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ယာဉ်မတော်တဆမှု ၉၉ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၃ ဦး သေဆုံးကာ ၁၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

ယခုနှစ် အမြန်လမ်းမကြီးပေါ်၌ ဖြစ်ပွါးသော ယာဉ်မတော်တဆမှုသည် ယမန်နှစ် အလားတူကာလက ယာဉ်မတော်တဆမှု ၈၃မှု ဖြစ်ပွါးကာ
လူ ၅၃ ဦး သေဆုံးပြီး ၁၆၂ ဦး ဒဏ်ရာရရှိခဲ့သော ပမာဏနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ရသည့် အဓိကအကြောင်းရင်းများသည် ယာဉ်ချို့ယွင်းမှု၊ လူ၏ချို့ယွင်းမှု၊ လမ်းနှင့် ရာသီဥတုအခြေအနေတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ယာဉ်မတော်တဆမှု အများစုမှာ မဆင်မခြင် မောင်းနှင်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုများကြောင့် ၆ လတာကာလအတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၂၉၀ ကျော် ရှိကြောင်း ၎င်းက ပြောသည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.