Connect with us

Myanmar

(၂၁) ကြိမ်မြောက် ASEAN University Games အမျိုးသားနှစ်ယောက်တွဲ ခြင်းလုံးပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်ဆုရရှိ

ASEAN University Games ၏ ခြင်းလုံးပြိုင်ပွဲတွင် ဆုရရှိ သည့် အားကစားသမားများအား တွေ့ရစဉ် (ဓာတ်ပုံ- MRTV)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော (၂၁) ကြိမ်မြောက် ASEAN University Games အမျိုးသားနှစ်ယောက်တွဲ ခြင်းလုံးပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း ယနေ့ (ဇူလိုင် ၄ ရက်) နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ထို့ပြင် ဇူလိုင် ၃ ရက်က ယှဉ်ပြိုင်သည့် အမျိုးသားလေးယောက်တွဲ ခြင်းလုံးပြိုင်ပွဲတွင်လည်း မြန်မာအသင်းက ငွေတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။

(၂၁) ကြိမ်မြောက် ASEAN University Games ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာနှင့် မာလန်းမြို့နှစ်မြို့တွင် ကျင်းပလျက်ရှိပြီး အားကစားနည်း ၂၁ မျိုးမှ အမျိုးအစားပေါင်း ၂၅၀ မျိုး ထည့်သွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.