Connect with us

Environment, Disasters & Accidents

၁၀ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မြေပြိုမှုများကြောင့် လူ ၆၂၉ ဦး သေဆုံးကာ ၂၆၆ ဦး ဒဏ်ရာရရှိ

၂၀၂၃ ခုနှစ်အတွင်း မြေပြိုမှုဖြစ်ပွါးခဲ့သော နေရာများတွင် ကယ်ဆယ်ရေး ဆောင်ရွက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
၁၀ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မြေပြိုမှုများကြောင့် လူ ၆၂၉ ဦး သေဆုံးပြီး ၂၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မြေပြိုမှုပေါင်း ၄၇၆ မှု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၁,၂၅၀ ကျော်မှ လူပေါင်း ၆,၄၀၀ ကျော် ထိခိုက်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲလဲ့အေးက ပြောကြားခဲ့သည်။
အဆိုပါ မြေပြိုမှုများကြောင့် အိမ်ခြေ ၁,၂၀၀ နီးပါး ပျက်စီးခဲ့ရာ ယင်းအနက် အိမ် ၉၀၀ ကျော်မှာ အိမ်အလုံးလိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း ကချင်ပြည်နယ်၌မြေပြိုမှု ၁၂၈ မှု၊ ချင်းပြည်နယ်တွင် ၈၈ မှုနှင့် ရှမ်းပြည်နယ်တွင် ၆၇ မှုရှိကြောင်း သိရသည်။
ယင်းမြေပြိုသည့် ဒေသများသို့ နိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.