Connect with us

Myanmar

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် လူ ၃၃ ဦးသေဆုံးကာ လူ ၂၃၀,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရ

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် လူ ၃၃ ဦးသေဆုံးကာ လူ ၂၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ ယနေ့ (စက်တင်ဘာ ၁၃ ရက်) ၌ ထုတ်ပြန်သော သတင်းအရ သိရသည်။

မုန်တိုင်းကြောင့် နေပြည်တော် အပါအဝင် စုစုပေါင်း မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၅၉,၄၁၃ စုမှ လူ ၂၃၆,၆၄၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေကြီးမှုကြောင့် ရေဘေးရှောင်ပြည်သူများအတွက် စုစုပေါင်း ကယ်ဆယ်ရေးစခန်း (၁၈၇) ခု ဖွင့်လှစ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရေဘေးသင့်ဒေသများအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.