Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်းလုပ်ငန်းစတင်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပ
(၂၃/၉/၂၀၂၄-MOI)

-ကလောမြို့ပေါ်ရှိ မီးသုံးသူ ၈၅ ရာခိုင်နှုန်းကို ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ် (၂၃/၉/၂၀၂၄-MOI)

-နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC) ၏ (၆) ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့တက်ရောက် (၂၃/၉/၂၀၂၄-MOI)

-မန္တလေးတိုင်းဒေသကြီးတွင် ယခုဘဏ္ဍာနှစ်အတွင်း စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အမျိုးအမည်ပေါင်း (၅၃၈)ခု ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်ပေးနိုင်ခဲ့ (၂၃/၉/၂၀၂၄ -MRTV)

-(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထား (၂၃/၉/၂၀၂၄ -MRTV)

-နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်လမ်း၊ တံတားများ ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိ (၂၃/၉/၂၀၂၄ -MRTV)
-ဟိုပုံးမြို့နယ်တွင် မဲနယ်တောင်ဒေသရှိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြို၍ လမ်းများပိတ်ဆို့နေမှုများအား ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှု စစ်ဆေး (၂၃/၉/၂၀၂၄-MOI)

-ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း အခမ်းအနားကျင်းပ (၂၃/၉/၂၀၂၄-MOI)

-ရေဘေးသင့်ဒေသများသို့ APTERR အစီအစဉ်ဖြင့် အရန်ဆန် တန် ၁၀၀၀ ကျော် ထောက်ပံ့ဖြန့်ဖြူးပေးသွားမည် (၂၃/၉/၂၀၂၄-MOI)

-ကယားပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ချေးငွေများပေးအပ်ခြင်းနှင့် သက်သာသောနှုန်းထားဖြင့် ယူရီးယားမြေဩဇာ ရောင်းချပေးအပ်ပွဲ အခမ်းအနားတက်ရောက် (၂၃/၉/၂၀၂၄-MOI)

-ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့မှ သက်သာသောနှုန်းထားဖြင့် စားသုံးဆီများရောင်းချပေးနေမှုများ၊ ကယ်ဆယ်ရေးသုံးလှေနှင့်ပစ္စည်းများ လွှဲပြောင်းပေးခြင်းနှင့် မြို့နယ်အတွင်း ရေဝင်ရောက်သည့်ရပ်ကွက်များအား ကွင်းဆင်းကြည့်ရှု (၂၃/၉/၂၀၂၄-MOI)