Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများသို့ အရန်ဆန် တန် ၁,၀၀၀ ကျော် ထောက်ပံ့ဖြန့်ဖြူးမည်

အရေးပေါ် အရန်ဆန်ရိက္ခာများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများသို့ အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် အရန်ဆန် ၁,၀၀၂ ဒသမ ၇၁ တန်ကို ထောက်ပံ့ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ထောက်ပံ့မည့် အရန်ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ သီးသန့်ဆန်တန်ချိန် ၂၅၀၊ပဲခူးတိုင်းဒေသကြီးသို့ တန်ချိန် ၂၅၀ နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ တန်ချိန် ၂၅၀ ခွဲဝေပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသို့ ၂၅၂ ဒသမ ၇၁ တန်ခွဲဝေထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ဆင်ဟွာသို့ ပြောကြားသည်။

အရန်ဆန်များကို ဖြန့်ဖြူးရေးအစီအစဉ် အမျိုးအစား နှစ်မျိုးဖြင့် ဖြန့်ဖြူးပေးမည်ဖြစ်ကာ လူပေါင်း နှစ်သိန်းကျော်အတွက် ၇ ရက်စာနှင့် လူပေါင်း တစ်သိန်းကျော်အတွက် ၁၄ ရက်စာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သဘာဝဘေးဒဏ်ခံစားနေသည့်နိုင်ငံ ဖြစ်သည့်အတွက် အဆိုပါအစီအစဉ်က အကျိုးရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.