Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့် မြို့တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်မှုကြောင့် လတ်တလော ရုပ်အလောင်း ၁၂ လောင်း တွေ့ရှိထားဟုဆို

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပိုက်ကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်း နွံကန်ပေါက်မှုဖြစ်ပွါးမှုအားတွေ့ရစဉ် (ဓာတ်ပုံ-TLM)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကချင်ပြည်နယ် ၊ ဖားကန့်မြို့တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်မှုကြောင့် ယနေ့(ဇန်နဝါရီ ၁၃ ရက်) နေ့လယ်ပိုင်းအချိန်ထိ
ရုပ်အလောင်း ၁၂ လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပိုက်ကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၁၃ ရက်) နံနက် ၁ နာရီခွဲခန့်က အဆိုပါ နွံကန်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း နွံကန်ပေါက်မှုကြောင့် လက်ရှိ ရုပ် အလောင်း ၁၂ လောင်းကို ဆယ်ယူရရှိထားပြီး ယင်းနွံကန်ပေါက်မှုကြောင့် နေ အိမ်၅၀ ကျော် မြေကြီးအောက် နစ်မြုပ်နေကြောင်း ရဲအရာရှိက ဆိုသည်။

အဆိုပါ နွံကန်ပေါက်သည့် နေရာအနီးတွင် ပုံမှန် ရေမဆေးကျောက်ရှာဖွေသူ လူ ၃၀ ထက်မနည်းအလုပ်လုပ်ကိုင်လျက်ရှိဟု ဒေသခံများထံမှ သိရကြောင်း၊ လက်ရှိချိန်ထိ အသေအပျောက် အတိအကျ မသိရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

လတ်တလောတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ရဲအရာရှိကဆက်လက်ပြောကြားသည်။ (Xinhua)

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပိုက်ကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်း နွံကန်ပေါက်မှုဖြစ်ပွါးမှုအားတွေ့ရစဉ် (ဓာတ်ပုံ-TLM)