Connect with us

Politics, Law & Military

ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀) ပြည့် အခမ်းအနား လွှတ်တော်တွင် ပထမဆုံးအကြိမ် ကျင်းပ

ရန်ကုန်မြို့၌ ကျင်းပသော ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အခမ်းအနားတွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေသော ကလေးငယ်တစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ပထမဆုံးအကြိမ် ကျင်းခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း ဆောင်ရွက်ချက် မှတ်တမ်းများ ပြသခြင်း၊ ပြည်ထောင်စု လွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အမှတ်တရမိန့်ခွန်း ပြောကြားခြင်း၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့တို့က ဗိုလ်ချုပ်အမှတ်တရ စာတမ်းများ ဖတ်ကြားခြင်းများ နှင့်ဗိုလ်ချုပ်အမှတ်တရ ဂုဏ်ပြုတေးများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့သည်။

ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက)၊ တအောင်း(ပလောင်) အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတနှင့် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ မှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သတ်သည့် အမှတ်တရ စာတမ်းများဖတ်ကြားခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်း၏ မွေးရပ်မြေ မကွေးတိုင်း နတ်မောက်မြို့တွင်လည်း ဗိုလ်ချုပ်မွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပမည်ဖြစ်ပြီး ရန်ကုန်နှင့် အခြားမြို့များတွင်လည်း ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.