Politics, Law & Military
တတိယ ပင်လုံညီလာခံ ဇွန်လတွင် ကျင်းပနိုင်ရန် ကြိုးပမ်းမည်
နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ)
အခြေအနေအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းလာခဲ့ရသော တတိယ ပင်လုံညီလာခံကို လာမည့် ဇွန်လ ထဲတွင် ကျင်းပနိုင်အောင် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ ပြီးခဲ့တဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာ မေလကုန် ဆိုပြီး ထပ်လုပ်တယ်၊ ထပ်လုပ်ပေမယ့်လည်း အဲ့ဒါ အဆင် မပြေဘူး၊ အဆင်မပြေတော့ ဒီလ ၂၈၊၂၉ ၊၃၀ မှာ EAO နဲ့ နိုင်ငံရေး၊ လုံခြုံရေး အလွတ် သဘော နှစ်ပွဲတွေ့မယ်၊ တွေ့တဲ့ပေါ်မှာ မူတည်ပြီးတော့ ညီလာခံ ကျင်းပရက်ကို ကျွန်တော်တို့ ဘက်ကတော့ ဇွန်လထဲမှာ လုပ်စေချင်တယ်၊ ဒါပေမယ့် ရက်တော့ မသတ်မှတ်နိုင်သေးဘူး၊ ဇွန်လထဲ လုပ်ဖြစ်အောင်တော့ ကျွန်တော်တို့ ကြိုးစားမယ်” ဟု ၎င်းက ပြောခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)
နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သော အစိုးရအဖွဲ့၏ ဒုတိယ တစ်နှစ်တာကာလ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော သတင်းစာရှင်း လင်းပွဲတွင် ဦးဇော် ဌေးက ပြောခဲ့ခြင်းဖြစ်သည်။(Xinhua)