Connect with us

Politics, Law & Military

တရားသူကြီးများ တရားခွင်၌ ကျမ်းကျိန်ရေး အဆို လွှတ်တော်က လက်ခံ

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း အစည်းအဝေးခန်းမသို့  ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျ လေးနက်စွာ ကျိန်ဆိုရေး အဆိုအား အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် ယနေ့ လွှတ်တော် အစည်းအဝေး၌ ကန့်ကွက်သူမရှိ သဘောတူခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး တင်သွင်းသည့် “ပြည်သူများ ယုံကြည် ကိုးစား အားထားပြီး ဖြောင့်မတ် မှန်ကန် မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျ လေးနက်စွာ ကျိန်ဆိုရေး” ဟူသည့် အဆိုကို လက်ခံ ဆွေးနွေးရန် ယနေ့ ကျင်းပသော ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် (၁၁) ကြိမ်မြောက် အစည်းအဝေးက သဘောတူခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး အဆို တင်သွင်းစဉ် (ဆင်ဟွာ)

တရားရုံးများ လက်စွဲတွင် ကျမ်းသစ္စာကျိန်ဆိုရန်နှင့် ကတိသစ္စာဆိုရန် ပုံစံများ ပြဌာန်းထားကြောင်း၊ ကျမ်းသစ္စာ ကျိန်ဆိုရန် သဘောမတူသူများအတွက် ကတိသစ္စာပြုခြင်းကို လမ်းညွှန်ထားကြောင်း၊ အဆိုပါ အခွင့်အရေးကို ရယူပြီး အစိုးရဝန်ထမ်းများ၊ ရဲအရာရှိ သက်သေများသည် ကျမ်းကျိန်ခြင်း မပြုဘဲ ကတိသစ္စာဆိုခြင်းသာ ပြုလုပ်နေသောကြောင့် မှန်ကန်သည့် ထွက်ဆိုချက် ရရှိပြီး အမှုမှန် ပေါ်ရေးမှာ အားနည်းလာကြောင်း ထို့အတွက် စီရင် ဆုံးဖြတ်ရသော တရားသူကြီးများအတွက် မှန်ကန်စွာ စီရင် နိုင်ရေး ခက်ခဲလာကြောင်း၊ ထို့အတူ ပြည်သူများက တရားသူကြီးများအား ယုံမှား သံသယ ဖြစ်မှုများ၊ စွပ်စွဲ ပြစ်တင်မှုများ ရှိနေကြောင်း၊ ထိုအခြေအနေများအရ တရားစီရင်မှုအပေါ် ပြည်သူများ၏ ယုံကြည် မှု ရရှိစေရန် တရားသူကြီးများအမှုသည်နှင့် သက်သေများပါ ကျမ်းသစ္စာ ကျိန်ဆိုရေးသည် အမှန်တကယ် လိုအပ်လျက်ရှိကြောင်း အဆိုတင်သွင်းသူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက လွှတ်တော်သို့ ရှင်းလင်း တင်ပြ ခဲ့ပြီး အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.