Connect with us

Politics, Law & Military

တိုင်းရင်းသား ညီနောင်ပါတီမှ ကိုယ်စားလှယ် ၇၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်

ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ၏ ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ သတင်းထုတ်ပြန်ချက် (ဓာတ်ပုံ-NBF)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တိုင်းရင်းသား ပါတီ ၂၃ ပါတီနှင့် မဟာမိတ်စု ဖွဲ့ထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၇၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းက တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် ၃၈၁ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၁၆ ဦး၊ ပြည်သူ့ လွှတ်တော်တွင် ၁၈၄ ဦးနှင့် တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာ ၂၉ ဦး စုစုပေါင်း ၇၁၀ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများထဲက ကိုယ်စားလှယ် ၁၆၀ အနိုင်ရခဲ့ပြီး ယခု ရွေးကောက်ပွဲတွင် လက်ရှိ ကိုယ်စားလှယ် အရေအတွက်ထက် ပို၍ အနိုင်ရနိုင်မည်ဟု မျှော်လင့်ထားကြောင်း ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းထံမှ သိရသည်။

ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စု ပါတီ၊ ကချင် ဒီမိုကရက်တစ် ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ စသည့် ပါတီ ၂၃ ခုနှင့် ဖွဲ့စည်းထားသည်။ယင်း ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းကို ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် စတင် ဖွဲ့စည်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.