Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ နှင့် ဇနီး အိန္ဒိယ နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်

၂၀၁၉ ခုနှစ် မေလ အတွင်း ပြုလုပ်ခဲ့သည့် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေပြည်တော် လေဆိပ်၌ စတင် ထွက်ခွာစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက် မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် မကြာမီ ကာလအတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၉ ခုနှစ် မေလ အတွင်းက အိန္ဒိယ သမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန် ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ၎င်း၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် အိန္ဒိယသမ္မတနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.