Politics, Law & Military
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဦးကျော်တင့်ဆွေကို ခန့်အပ်ရန် ကန့်ကွက်သူ မရှိ ပြည်ထောင်စု လွှတ်တော်မှ သဘောတူ

နေပြည်တော် ၊ မေ ၁၇ ရက် (ဆင်ဟွာ)
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဦးကျော်တင့်ဆွေကို ခန့်အပ်ရန် ကန့်ကွက်သူမရှိ သဘောတူကြောင်း ယနေ့မေလ ၁၇ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
နိုင်ငံတော် သမ္မတ အဆိုပြု တင်ပြသော နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်အပ်တာဝန် ပေးလိုသည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို မေလ ၁၃ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီး ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း ကန့်ကွက်သူ မရှိသဖြင့် လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်အပ် တာဝန် ပေးအပ်မည့် ဦးကျော်တင့်ဆွေသည် ပညာအရည်အချင်းအားဖြင့် B.Com(Hons) နှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ဖွံ့ဖြိုးရေး ဘွဲ့လွန် ဒီပလိုမာ ရရှိထားသူ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ (Xinhua)