Politics, Law & Military
ပင်းတယမြို့နယ်တွင် ကျပ် ၁၈၆သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းမိ
နေပြည်တော်။ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်အတွင်း နိုဝင်ဘာ ၁၄ ရက်၌ ကျပ် ၁၈၆သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင် များသည် ကျုံးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေ များနှင့်အတူ သတင်းအရ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအထွက်၊ အောင်ပန်း-ရွာငံ-ရွှေမြင့်မိုရ်-မန္တလေးသွားကား လမ်းတွင် ကျုံးကျေးရွာဘက်မှ ရွာငံဘက်သို့ မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်၊ ဆိုင်ကယ်ဖင်ထိုင်ခုံဆိုဖာနှင့် တူးဘောက် အတွင်းတို့မှ ဘိန်းစိမ်း ၃၁ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၈၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသော ဘိန်းစိမ်းများနှင့် တရားခံအား ပင်းတယမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)