Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးနှစ် ၂၀၁၇ ငြိမ်းချမ်းရေးစည်တော်သံ အနုပညာပွဲခင်းသာကျင်းပမည်

ငြိမ်းချမ်းရေးစည်တော်သံ အနုပညာပွဲခင်းသာကျင်းပရေး အစည်းအဝေးအားတွေ့ရစဉ် ( ဓာတ်ပုံ-- ပြည်ထောင်စုငြိမ်းချမ်းရေးနှစ်၂၀၁၇)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ်ကို ပြည်ထောင်စုငြိမ်းချမ်းရေးနှစ် အဖြစ်သတ်မှတ်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူပါဝင်လျက် အရှိန်မြှင့်တင်ဆောင်ရွက် ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် MICC 2 ခန်းမမှာ ပြည်ထောင်စုငြိမ်းချမ်းရေးနှစ် ၂၀၁၇၊ ငြိမ်းချမ်းရေးစည်တော်သံ အနုပညာပွဲခင်းသာကို၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဤပွဲဖြစ်မြောက်ရေးအတွက်ဇန်နဝါရီ ၁၈ ရက် နေ့လယ် ၂ နာရီအချိန်၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော အစည်းအဝေးကပြည်ထောင်စုငြိမ်းချမ်းရေးနှစ် ၂၀၁၇၊ နေပြည်တော် ငြိမ်းချမ်းရေးအနုပညာပွဲတော် ကျင်းပရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ တို့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဦးဆောင်ကော်မတီတွင်နာယကများအဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ၊ဥက္ကဋ္ဌအဖြစ်နေပြည်တော်ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းသူ ၊အဖွဲ့ဝင်များအဖြစ်နေပြည်တော် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ခရိုင်အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊မြို့နယ်ဥက္ကဋ္ဌများ က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးနှစ် ၂၀၁၇ ၏ ဖေ့ဘွတ်စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.