Politics, Law & Military
မဘိမ်းမြို့နယ်တွင် ငွေကျပ် ၁၇,၄၄၄.၂၆၃၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၁၇,၄၄၄.၂၆၃၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဧပြီ ၁၁ ရက်နေ့ ၀၄း၀၀နာရီ အချိန် တပ်မတော်မှ မဘိမ်းမြို့နယ်၊ ကွန်းတောကျေးရွာ၊ ဒေသအခေါ် ကျွန်းကုန်းတောထဲ၌ ပေပါခွံအတွင်းရှိ ဆာလာအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် ၁၀၃ ခွက် (ဘိန်းဖြူ အလေးချိန် ၁.၀၃ ကီလို)ကိုလည်းကောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မီတာ ၁၅၀ ခန့်အကွာရှိ ဈေးဆိုင်တဲ၌ သိန်းကျော်ဆိုသူအားတွေ့ရှိပြီးဆက်လက်ရှာဖွေရာ ဈေးဆိုင်တဲနှင့် နှစ်မိုင်ခန့်အကွာရှိ သစ်ခေါင်းအတွင်းမှ ဘိန်းဖြူ ဝ.၀၀၇၀၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၂,၆၀၀ ပြား၊ ဘိန်းစိမ်း ဝ.၇ ကီလို တို့ကိုထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မဘိမ်းမြို့မ ရဲစခန်း၌ သိန်းကျော်(၅၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)