Politics, Law & Military
မိုင်းတုံမြို့နယ်အတွင်း တရားမဝင်သစ် တန် ၇၀ကျော် သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်း တရားမဝင်သစ်လုံးများနှင့် သစ်ခွဲသားဆိုဒ်စုံ တန် ၇၀ကျော် အား သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ရွှေတောင်ကျေးရွာ၏တောင်ဘက် ၁ မိုင်ခန့်အကွာ၌ ရပ်တန့်ထားသော ဒေါင်ဖန်းအမျိုးအစား ခြောက်ဘီးယာဉ်ခြောက်စီးနှင့် ၎င်းယာဉ်များပေါ်တွင် တင်ဆောင် ထားသော တရားမဝင်သစ်လုံးများနှင့် သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၄၂ တန်ခန့်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၁၀ နာရီခန့်တွင် ရွှေတောင်ကျေးရွာ၏မြောက်ဘက် ၄ မိုင် ခန့်အကွာ၌ ရပ်တန့်ထားသော ဒေါင်ဖန်း အမျိုးအစား ခြောက်ဘီးယာဉ်လေးစီးနှင့် ၎င်းယာဉ်များပေါ်တွင် တင်ဆောင်ထားသောတရားမဝင်သစ်လုံးများနှင့် သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၃၆ တန်ခန့်အား ထပ်မံတွေ့ရှိသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါသိမ်းဆည်းရမိသည့် မော်တော် ယာဉ်များနှင့် တရားမဝင်သစ်များအား မိုင်းတုံမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)