Politics, Law & Military
မောင်တောမြို့နယ်၌ ဒေသန္တရလက်လုပ်မိုင်းဟောင်း တစ်လုံးတွေ့ရှိ

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၂၄ရက် နေ့လည် ၁၂နာရီခွဲတွင် ဒေသန္တရလက်လုပ်မိုင်းဟောင်း (သက်မဲ့)တစ်လုံးတွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အင်းဒင်ရွာအရှေ့ဘက်ရှိ မေယုတောင်ခြေဘက် သို့ရောက်ရှိစဉ် ချုံပုတ် ၁ ခု အတွင်း၌ ခရီးဆောင်အိတ်နက်ပြာရောင်ဖြင့် ထည့်လျက် ဝါယာကြိုးများပါရှိပြီး တိပ်အပြာဖြင့်ပတ်ထားသော မိုင်းဟု ယူဆရသည့် လက်လုပ်မိုင်း ၁ လုံး တွေ့ရှိကြောင်း သတင်းအရ အင်းဒင်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အင်းဒင်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးကျော်စိုးမိုး ဦးစီးအဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ ခရီးဆောင်အိတ် အတွင်း ဝါယာကြိုးများ ပါ ရှိပြီး တိပ်အပြာဖြင့် ပတ်ထားသည့် ဒေသန္တရ လက်လုပ်မိုင်းဟောင်း ၁ လုံးအားတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်း လက်လုပ်မိုင်းဟောင်းရှိရာသို့ တပ်မတော်သားများ ရောက်ရှိလာပြီး စစ်ဆေးရာ ဓာတ်တိုင်သံပိုက်အား ဖြတ်၍ပြုလုပ်ထားသော အလျား ၁၀ လက်မ၊ လုံးပတ် ၁ ပေ ၅ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ဟောင်း ၁ လုံး (သက်မဲ့)နှင့် ဝါယာကြိုး ပေ ၁၀၀ ခန့်အား စစ်ဆေး တွေ့ရှိသဖြင့် အဆိုပါ ဒေသန္တရ လက်လုပ်မိုင်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။(Xinhua)