Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ ပျောက်ဆုံးနေသော ရာအိမ်မှူးဟောင်း သတင်းပေးဟု စွပ်စွဲကာနှိပ်စက်ညှင်းပမ်းခံရ

ပျောက်ဆုံးနေသော ရာအိမ်မှူးဟောင်းအား တွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင် ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန် လုပ်ငန်းလုပ်သူ ပျောက်ဆုံးနေသော ရာအိမ်မှူးဟောင်းတစ်ဦးကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ၎င်းအား အစိုးရ သတင်းပေးဟု စွပ်စွဲကာ နှိပ်စက်ညှင်းပန်းခံထားရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရာအိမ်မှူးဟောင်းကို အရှေ့တောင်ဘက် မဲဒီကျေးရွာအနီး ရှိတောလမ်းအတိုင်း ခေါ်ဆောင်သွားခဲ့ပြီး ကျွန်းပေါက်ပြုစုမြောက်ရွာအဝင်လမ်းတွင် မျက်နှာအား ပုဝါစီး၍ နေအိမ်တစ်လုံးသို့ခေါ်ဆောင်သွားကြောင်း၊ လူ ၁၀ဦးခန့်မှ ထိုးနှက်ကန်ကျောက်ရိုက်နှက်ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှုး အဖွဲ့များ ဖြင့် ပူးပေါင်းကာ တာဝန်ရှိသူများအား သတင်းပေးဆောင်ရွက်နေသည့်အတွက် အပြစ်ပေးခြင်းဖြစ်သည်ဟု ပြောဆိုနှိပ်စက်ခဲ့ကြောင်း လွတ်မြောက်လာသော ရာအိမ်မှုးဟောင်း ပြောဆိုချက်အရ သိရသည်။

ဇန်နဝါရီ ၁၅ ရက် ည ၁၁ နာရီ ၃၆ မိနစ်တွင် ပျောက်ဆုံးသွားသော ယင်း ရာအိမ်မှူးကို ည သန်းခေါင်ယံတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း ရာအိမ်မှူးဟောင်းကို ကျောအလယ်တွင် ဓားဦးချွန်ဖြင့်ထိုးစိုက်ခံရသည့်အတွက် ၁ လက်မအကျယ်၊အနက် ၂ စင်တီမီတာ ပြဲရှဒဏ်ရာတစ်ခုတွေ့ရှိရပြီး ဖမ်းဆီးခေါ်ဆောင်သွားသူများအား တရားဥပဒေအရ အရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.