Politics, Law & Military
မဲမသမာမှု ကန့်ကွက်လွှာ ခိုင်လုံသဖြင့် ကိုယ်စားလှယ်လောင်း တစ်ဦးကို အနိုင်ရ အမတ် အဖြစ် ရွေးကောက်ပွဲ ကော်မရှင် ပြင်ဆင် ကြေညာ
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော်က ကော်မရှင်သို့ တင်ပြခဲ့သော မဲမသမာမှု ကန့်ကွက်လွှာသည် ခိုင်လုံသဖြင့် အနိုင်ရ အမတ်အဖြစ် ယနေ့ ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင် ကြေညာလိုက်သည်။
ရပ်စောက်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော်သည် ၎င်းဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်မြေ အတွင်းရှိ ဗထူး တပ်နယ်၌ မဲမသမာမှုများ တွေ့ရှိမှုများကို ရွေးကောက်ပွဲ ရလဒ် ကြေညာပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံး အဖွဲ့က စိစစ်ရာ ရွေးကောက်ပွဲ နည်းဥပဒေ အမှတ် ၇၁ (ဂ) ပါ လွတ်လပ်ပြီး တရားမျှသော ရွေးကောက်ပွဲ မဟုတ်ကြောင်း စိစစ် တွေ့ရှိသဖြင့် အနိုင်ရ ကိုယ်စားလှယ်ကို ပယ်ဖျက်ပြီး ဒုတိယ မဲအများဆုံး ရရှိသူကို ကိုယ်စားလှယ်အဖြစ် ကြေညာပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မဲမသမာမှု ကန့်ကွက်လွှာသည် မှန်ကန်သဖြင့် ဒုတိယ မဲအများဆုံး ရသည့် ဦးခိုင်ညီညီကျော်က အနိုင်ရ ကိုယ်စားလှယ် ဖြစ်လာပြီး မကြာမီ ကျမ်းကျိန်မှု ပြုလုပ်ရမည်ဖြစ်သည်။ (Xinhua)