Connect with us

Politics, Law & Military

မြန်မာ့ ကြံ၊ သကြား ဥပဒေ ပေါ်ထွက်ရေးအတွက် Sugar Forum ကျင်းပသင့်ဟု အမြဲတမ်း အတွင်းဝန် ပြော

အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ် အဖွင့် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

သကြားထွက် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်း ရေရှည် တည်တံ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြံခိုက် တောင်သူ၊ သာကားချက်စက်နှင့် ပြည်ပ သကြားတင်သွင်းမှု အားလုံးကို ဟန်ချက်ညီအောင် ထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် မြန်မာ့ ကြံနှငိ့ သကြားဥပဒေ အလျင်အမြန် ပေါ်ထွက်လာစေရန် Stakeholders များ၊ ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် Sugar Forum တစ်ခု ကျင်းပသင့်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ဇန်နဝါရီလ ၁၇ ရက်ညနေပိုင်းတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် သကြား တင်သွင်းပြီး Re-export လုပ်နေသူများ၊ သကြားထွက် သီးနှံ စိုက်သူများနှင့်သကြားချက် စက်ရုံများ အကြား ဟန်ချက်ညီစေမည့် သကြား ဥပဒေတစ်ရပ် အမှန်တကယ်လိုအပ်နေကြောင်း ဒေါက်တာ တင်ထွဋ်ကပြောခဲ့သည်။ ပြည်ပ သကြားကို တင်သွင်းပြီး တရုတ်နိုင်ငံသို့Re-export လုပ်သူများသည် တရုတ်နိုင်ငံ၏ ဝယ်လိုအား ကျဆင်းချိန်များတွင် Re-export လုပ်မည့် သကြားထဲမှ အချို့ကို ပြည်တွင်း၌ ထုတ်ရောင်းသဖြင့် ပြည်တွင်း သကြားဈေးကွက် ပျက်ကာ ကြံစိုက် တောင်သူများရော သကြားစက်ရုံများကိုပါ အကျိုးစီးပွား ပျက်စီးစေခဲ့ ကြောင်း၊

ထို့အတူ ကမ္ဘာ့ သကြားဈေး ကျဆင်းချိန်တွင် ပြည်ပနိုင်ငံများထက် ထုတ်လုပ် စရိတ်၊ သယ်ယူစရိတ် ပိုများ သည့် ပြည်တွင်း သကြားစက်ရုံများသည် ပြည်ပ သကြားဈေးကို မယှဉ်နိုင်သဖြင့် ကြံဝယ်ယူရာ၌ တောင်သူကို ဈေးနှိမ်၍ ဝယ်ယူခြင်း၊ ကြိုတင်ငွေ မပေးခြင်း၊ စာချုပ်အာမခံချက် မပေးခြင်းတို့ကြောင့် တောင်သူများ အကျိုး စီးပွား ပျက်ပြားခြင်း၊ ကြံကို အပြည့်အ၀ မစိုက်ခြင်း၊ စိုက်ခင်းအသစ်များ မစိုက်ခြင်း၊ စိုက်သော်လည်း သွင်း အားစု များ မထည့်နိုင်ခြင်း၊ ကြံထွက်နှုန်း ကျဆင်းခြင်း၊ စိုက်ပျိုးလိုစိတ် လျော့ကျပြီး စိုက်ဧက ကျဆင်းကာ မျိုးကြံ ရှားပါးခြင်းတို့ ကြုံရကြောင်း သိရသည်။ ထိုကဲ့သို့သကြားနှင့် သကြားထွက် သီးနှံ လုပ်ငန်းနယ်ပယ်တစ်လုံးတွင် ညီညွတ်မျှတမှု မရှိခြင်း၊ ဈေးကွက် ထိန်းကျောင်းမှု ကင်းမဲ့ခြင်း အတွက် ထိရောက်စွာ ကိုင်တွယ်နိုင်မည့် ကြံနှင့် သကြား ဥပဒေ တစ်ရပ် အမြန် ပေါ်ပေါက်ဖို့လိုအပ်နေကြောင်းလည်းသိရသည်။

သကြားထွက် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ရေရှည် တည်တံ့ ဖွံ့ဖြိုးရေး ညှိနှိုင်း အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် နှင့် အတူ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှစ်ဦးနှင့် အတွင်းရေးမှူး၊ ကြံတောင်သူ ကိုယ်စားလှယ်များ၊ သကြားစက်ရုံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.