Politics, Law & Military
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်း လှည့်ကင်းဆောင်ရွက်
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်ခြား မှတ်တိုင် ၄၀ မှ ၄၁ အထိ နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ် ၂၅ ရက်တွင် နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်ခြား မှတ်တိုင် ၄၀ မှ ၄၁ အထိ နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ ၂၆ ရက် အထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၅၅ အထိ ၁၄ ကြိမ်၊ မတ် ၁၁ ရက်တွင် နယ်ခြားမှတ်တိုင် ၃၁ မှ ၃၄ အထိ တစ်ကြိမ်၊ မတ် ၁၅ ရက်တွင် နယ်ခြား မှတ်တိုင် ၃၄ မှ ၃၆ အထိ တစ်ကြိမ်၊ မတ် ၁၈ ရက် တွင် နယ်ခြားမှတ်တိုင် ၃၆ မှ ၃၈ အထိ တစ်ကြိမ် ၊ မတ် ၂၀ ရက်တွင် နယ်ခြား မှတ်တိုင် ၃၈ မှ ၃၉ အထိ တစ်ကြိမ်၊ မတ် ၂၂ ရက်တွင် နယ်ခြား မှတ်တိုင် ၃၉ မှ ၄၀ အထိ တစ်ကြိမ်၊ မတ် ၂၅ ရက်တွင် နယ်ခြားမှတ်တိုင် ၄၀ မှ ၄၁ အထိ တစ်ကြိမ် စုစုပေါင်း အကြိမ် ၂၀ နှင့် ရေကြောင်းကင်းလှည့်ခြင်းက နတ်မြစ် ကြောင်းအတိုင်း မတ် ၅ ရက်နှင့်မတ် ၂၀ ရက်တို့တွင် နှစ်နိုင်ငံညှိနှိုင်း၍လှည့်ကင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)