Connect with us

Politics, Law & Military

မွန်ပြည်နယ် အတွင်း စီမံချက်ဖြင့် စည်းကမ်းပျက်ယာဉ် ၂,၆၂၀ စီးအား အရေးယူ

လင်းယုန် စီမံချက်ဖြင့် အရေးယူ ဆောင်ရွက်မှုများ အပေါ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဓာတ်ပုံ- Mon State Government Office)

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် စည်းကမ်းပျက်မော်တော်ယာဉ်များ ပပျောက် စေရေး အတွက် လင်းယုန် စီမံချက်ဖြင့် ဇန်နဝါရီ ၁၅ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၀ ရက် အထိ စည်းကမ်းပျက်ယာဉ် အစီးရေ စုစုပေါင်း ၂,၆၂၀ စီးအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် အစိုးရ အဖွဲ့ရုံး ထုတ်ပြန်မှု အရ သိရသည်။

လင်းယုန် စီမံချက်ဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည့် စည်းကမ်းပျက်ယာဉ် အစီးရေ ၂,၆၂၀ စီးတွင် မော်တော်ယာဉ် ၂၀၉ စီး၊ မော်တော်ဆိုင်ကယ် ၂,၃၅၂ စီး၊ ဘေးတွဲဆိုင်ကယ် ၂၇ စီး၊ သုံးဘီးဆိုင်ကယ် ၂၈ စီး၊ ထော်လာဂျီ ၄ စီး တို့ပါဝင်ပြီး ထိုစည်းကမ်းပျက်ယာဉ်များအား ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့စီမံချက်ဖြင့် ဆောင်ရွက်နေမှုများ အပေါ် မွန်ပြည်နယ် အစိုးရ အဖွဲ့တာဝန်ရှိသူများက ဇန်နဝါရီ ၂၁ ရက်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.