Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ သတင်းမှားများအား ဖြန့်ဝေသည့်ကိစ္စများဆွေးနွေး

ဒုတိယဝန်ကြီး ဦးကျော်တင်သည် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးတွေ့ဆုံစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Sahal Ergesousတို့တွေ့ဆုံပြီး ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ သတင်းမှားများအား ဖြန့်ဝေသည့်ကိစ္စများဆွေးနွေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ဒုတိယ ဝန်ကြီးက နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ ဆော်ဒီရောက် မြန်မာအလုပ်သမားများအကျိုး ကာကွယ်စောင့်ရှောက်ပေးရေးကိစ္စနှင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ဖြစ်ပွားနေသည့် ဖြစ်ရပ်နှင့် အခြေအနေများကို လူမှုကွန်ရက် စာမျက်နှာများ၌ မဟုတ်မမှန် ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းမှားများအား ဖြန့်ဝေသည့် ကိစ္စများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်သည် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Sahal Ergesous အား ယနေ့ စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၁နာရီ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.