Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ တရားဝင်ဝပ်ဘ်ဆိုက်စမ်းသပ်ထုတ်လွှင့်
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ တရားဝင်ဝပ်ဘ်ဆိုက်ဖြစ်သော www.yangon.hluttaw.mm အားစမ်းသပ်ထုတ်လွှင့်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၏ သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သော ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက် (ကြာသပတေးနေ့) မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ တရားဝင်ဝပ်ဘ်ဆိုက်ဖြစ်သော www.yangon.hluttaw.mm ကို စမ်းသပ် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စမ်းသပ်ကာလအတွင်း ပြည်သူများအနေနှင့် [email protected] သို့ အကြံပြုချက်များ ပေးပို့နိုင်ပြီး အဆိုပါ အကြံပြုချက်များကို အခြေပြု၍ ပိုမိုကောင်းမွန်သော ဝပ်ဘ်ဆိုက်တစ်ခုဖြစ်လာစေရန် မွမ်းမံပြင်ဆင်သွားမည်ဖြစ်ပြီး များမကြာမီကာလတွင် အတည်ပြုထုတ်လွှင့်တင်ဆက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ သတင်းထုတ်ပြန်သည်။ (Xinhua)