Connect with us

Politics, Law & Military

ရန်ကုန်၌ ညဈေးတန်းများ စနစ်တကျ ရောင်းချနိုင်ရန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံ

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ထိုင်းသံအမတ်ကြီးတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ-- Phyo Min Thein Facebook)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်၌ ညဈေးတန်းများ စနစ်တကျ ရောင်းချနိုင်ရန် ညဈေးတန်းတွင် ရောင်းချသော အစားအစာများ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိစေရန် ဈေးဆိုင်များ သပ်ရပ်မှု ရှိစေရန်နှင့် လိုအပ်သော လျှပ်စစ်မီး ၊ ရေ ၊ နေရာ စသည်တို့ စနစ်တကျ ရောင်းချ ဆောင်ရွက်နိုင် စေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ထိုင်းနိုင်ငံ သံအမတ်ကြီး နှင့် ယနေ့ နံနက် ၉ နာရီတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ထွက်ရှိလာသည့် အမှိုက်များအား စနစ်တကျ သိမ်းဆည်းရန်၊ နိုင်ငံခြား ဧည့်သည်များ သန့်ရှင်း သပ်ရပ်သော ညဈေးများကို ရန်ကုန်မြို့၌ စိတ်ဝင်တစား လည်ပတ် ဝယ်ယူ စားသုံးနိုင်စေရန် အတွက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ညဈေး ဆောင်ရွက်မှု ၊ စီမံကြီးကြပ်မှု ၊ စည်းမျဉ်းများချမှတ်မှု စသည့်
အခြေခံ အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံမေးမြန်း ခဲ့ခြင်း ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ၎င်း၏ Facebook စာမျက်နှာတွင် သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.