Connect with us

Politics, Law & Military

လပွတ္တာမြို့နယ်၌ လှေတိမ်းမှောက်မှုကြောင့် ၄ ဦး သေဆုံး

လပွတ္တာမြို့အတွင်းရှိ စက်လှေများရပ်နားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာတွင် မတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် လှေတိမ်းမှောက်မှုကြောင့် ၄ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရေတွင်းဆိပ်ကျေးရွာနေ ၆ဦးသည် ဂေါက်ချွန်းလှေဖြင့် အိမ်ထောင် ပရိဘောဂပစ္စည်းများအား တင်ဆောင်၍ သောင်ဒူမြစ်ကို လှော်ခတ်ဖြတ်ကူးစဉ် လေပြင်းတိုက်ခတ်မှု ကြောင့် လှိုင်းကြီးလာပြီး လှေနစ်မြုပ်သွားခဲ့ကြောင်း၊ ထိုသို့နစ်မြုပ်မှုအား အနီးရှိ ငါးဖမ်းစက်လှေများရှိလူများမှ ဝိုင်းဝန်းဆယ်ယူခဲ့သဖြင့် ၂ ဦးအား အသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့ပြီး ကျန် လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို လှေတိမ်းမှောက်မှုအား ပြင်စလူနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.