Connect with us

Politics, Law & Military

လူနေရွာပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရန် ဆောင်ရွက်ခဲ့သော လေသူရဲမိသားစုထံ ဒေါ်အောင်ဆန်းစုကြည် အားပေးစကား ပေးပို့

ဒေါ်အောင်ဆန်းစုကြည် အားပေးစကား ပေးပို့သော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်၏အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ကျွန်းကုန်းကျေးရွာအပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရန် ဆောင်ရွက်ခဲ့သော လေသူရဲ ဗိုလ်မှူး အာကာဝင်း၏ မိသားစုထံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပေးပို့ခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးထံမှ သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၃ရက်နေ့ နံနက်ပိုင်း၌ တောင်ငူလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် အက်ဖ် – ၇ လေယာဉ်ဖြင့် ပျံသန်းစဉ် စက်ချို့ယွင်းခဲ့သော်လည်း မိမိ၏အသက်ရှင် လွတ်မြောက်ရေးကို ပဓာနမထားဘဲ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး ကျဆုံးခဲ့ကြောင်း၊ ထိုသို့ စွမ်းဆောင်ရင်း ကျဆုံးခဲ့သည့်အတွက် ကျန်ရစ်သူ ဇနီး မမြတ်မြတ်သစ်တို့ မိသားစုနှင့် ထပ်တူထပ်မျှ အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်း မေတ္တာဖြင့် အားပေးစကား ပေးပို့ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.