Politics, Law & Military
သိန္နီမြို့နယ်၌ ပေါက်ကွဲစေတတ်သောပစ္စည်းပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် အမိုနီယမ်နိုက်ထရိတ် ၁၉၀ အိတ် သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၌ ပေါက်ကွဲစေတတ်သောပစ္စည်းပြုလာရာတွင် အသုံးပြုနိုင်သည့် အမိုနီယမ်နိုက်ထရိတ် ၁၉၀ အိတ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၁၄း၀၀ နာရီ အချိန် သိန္နီမြို့နယ်၊ လားရှိုး-မူဆယ် လမ်းမကြီး မိုင်တိုင်(၁၉၃/၆) မိုင်းလီကျေးရွာအနီး၌ ရေပူစမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန် ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့တို့မှ မူဆယ်မှ မန္တလေးသို့ ဦးတည်ရပ်ထားသည့် 3I/xxxx ၆ ဘီးယာဉ်ပါ၂ စီး (ပိုင်ရှင်မဲ့)အားတွေ့ရှိ၍ စစ်ဆေးရာ အမိုနီယမ်နိုက်ထရိတ် ၁၉၀ အိတ်၊ တန်ဖိုး(စိစစ်ဆဲ) သိမ်းဆည်းရမိပြီး အမှုဖွင့်ရန် စီစဉ်ထားရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)