Politics, Law & Military
အမ်းမြို့နယ်၌ တရားမဝင်သစ် ၄၅၁ချောင်းနှင့် စက်လှေတစ်စီး ဖမ်းမိ

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပဒဲကြောကျေးရွာအနီးဝန်းကျင်နှင့် ဟင်းရွက်ချောင်းအတွင်းမှ တရားမဝင် သင်ပုန်း/သစ်ပုတ်/နဘဲခွဲသား သစ်(၄၅၁)ချောင်း တန်အားဖြင့်(၁၆.၄၄၃၄)တန် နှင့်စက်လှေ(၁)စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါတရားမဝင်သစ်၊ စက်လှေနှင့် တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။(Xinhua)