Connect with us

Politics, Law & Military

အမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်းကျော်လွန်မောင်းနှင်သော မော်တော်ယာဉ် ၂၁ စီးကို ဖမ်းဆီးအရေးယူ

အမြန်လမ်းရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ် (ဓာတ်ပုံ-- အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်၊ စက်တင်ဘဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ကျော်လွန် မောင်းနှင်သော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ ယနေ့တွင် မော်တော်ယာဉ် ၂၁ စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

သတ်မှတ်အမြန်နှုန်းထက် ပိုမိုအရှိန်ပြင်းမောင်းနှင်သော မော်တော်ယာဉ် များကို စက်တင်ဘာ ၅ရက် နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း အရှိန်နှုန်းတိုင်းတာစက် များ အသုံးပြုတိုင်းတာ၍ (၂ဝ၁) မိုင်တွင် ရဲအုပ်ဇော်လှိုင်ထွန်း ဦးစီး၍ လည်းကောင်း၊ နေပြည်တော်တိုးဂိတ် (စီလမ်းဆုံ)တွင် အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးရန်နောင်ဝင်း ဦးစီး၍ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် လည်းကောင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂၁ စီးကို ဖမ်းဆီးစစ်ဆေးပြီး ဇမ္ဗူသီရိမြို့နယ် ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။
ထိုသို့ တရားစွဲဆိုတင်ပို့ရာတွင် အရှိန်နှုန်းလွန်ယာဉ် ၂၁ စီးအနက် ကိုးစီးကို နေ့ချင်းပြီး တရားစွဲတင် ဒဏ်ငွေချမှတ် အရေးယူခဲ့ပြီး ကျန်ယာဉ် ၁၂ စီးကို ဇမ္ဗူသီရိမြို့နယ် ယာဉ်စည်းကမ်းတရားရုံးသို့ ဒဏ်ကြေးငွေပေးဆောင် စေခြင်းဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။
ယခုဖမ်းဆီးအရေးယူမှုသည် နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း ပထမအဆင့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ညပိုင်း၌ အရက်သေစာသောက်စားခြင်းတိုင်းတာသည့် ကိရိယာများဖြင့်ပါတိုင်းတာ၍ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.