Connect with us

Politics, Law & Military

၁ဝ၅ မိုင် ကားလမ်းမကြီးဘေး၌ ဒေသန္တရလုပ် ရီမုမိုင်း တစ်လုံးတေ့ွရှိ

သက်မဲ့ပြုလုပ်နိုင်ခဲ့သော ဒေသန္တရလုပ် ရီမုမိုင်း တစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်၊ ကြူကုတ်(ပန်ဆိုင်း) ကျေးရွာအနီး၌ မိုင်းတစ်လုံး တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရီမုမိုင်းတွေ့ရှိမှုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မတ် ၁၄ ရက် ညနေပိုင်းတွင် သွားရောက်ရှင်းလင်းရာ ကျေးရွာ၏ အရှေ့ဘက် မီတာ ၃ဝဝ ခန့်အကွာရှိ ၁ဝ၅ မိုင်-မုံးကိုးသွား ကားလမ်းမကြီးဘေး ၁ဝ ပေခန့်အကွာ၌ အမြင့် ၆ လက်မ၊ အချင်း ၃ လက်မ ပတ်လည်ရှိ ဒေသန္တရလုပ် ရီမုမိုင်း တစ်လုံးအား တွေ့ရှိပြီး သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.