Politics, Law & Military
၁၀ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးတက်ရောက်ရန် ပြည်ထောင်စုဝန်ကြီးလာအိုနိုင်ငံ သို့ထွက်ခွာ

ရန်ကုန်၊ မေ၂၅ ရက် (ဆင်ဟွာ)
(၁ဝ) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး 10th ASEAN DEFENCE MINISTERS MEETING (10th ADMM) သို့ တက်ရောက်ရန် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းလာအိုနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
အဆိုပါ (၁ဝ) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ကို မေ ၂၇ ရက်အထိ လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ ၌ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E.Mr. Lyying SAYAXANG နှင့် စစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။ (Xinhua)